Spiga
ကျွန်တော့်မှာ အိမ်သစ်လေးရှိပါတယ် အဲ့ဒီကိုပြောင်းနေပါပြီလာလည်ကြပါခင်ဗျာ.. Synchro305 ~

Happy Birthday virus နှင့်ကျွန်တော်တွေ့ ကြုံခဲ့မှုတစ်စေ့တစ်စောင်း

တစ်ရက်ကကျွန်တော်တို့ ရုံးမှာ အဲ့ဒီနာမည်အဆန်းနဲ့ Virus ကိုတွေ့ ပါလေရော။
ကျွန်တော်သွားကြည့်တော့ သူက Tooltip လေးမှာ Happy Birthday ဆိုပေါ်နေပြီး Mouse cursor ရွှေ့ တဲ့နေရာကိုလိုက်နေတာပဲ။ ပြီးတော့သူ ၀င်သွားတာနဲ့ Folder Option တို့  Task Manager တို့ ကိုခေါ်မရတော့ဘူး။
ခုVirus အလုပ်လုပ်ပုံလေးကိုပြောချင်ပါတယ်…

သူက Process ထဲမှာ explorcr.exe ဆိုတာလေး run နေပါတယ်။ အဲ့ဒီကောင်က Window စတက်တက်ချင်း start up မှာကတည်းက run တော့တာပါ။ သူက


HKEY_CURRENT_USER\Software\Microsoft\Windows\CURRENT Version\Policies\ Explorer
(or)
HKEY_CURRENT_USER\Software\Microsoft\Windows\CURRENT Version\Policies\System


အောက်တွေကိုအမြဲစစ်နေပါတယ် သူရေးထားတဲ့ file မရှိတော့ဘူးဆိုတာနဲ့ အသစ်ပြန်ရေးပါတယ် ။ အဲ့ဒီတော့ဒီကောင် run နေသရွှေ့ ကတော့ကျွန်တော်တို့ Registry ထဲမှာ ဖျက်လို့ မရပါဘူး။
သူကိုသတ်ချင်ရင်တော့ပထမဆုံး
Run ကနေ msconfig လို့ ရိုက်ပါ ပြီးရင် start up ဆိုတဲ့ Tab မှာ explorcr।exe ကိုရှာပြီး သူ့ ရှေ့ က check box လေးကို ဖြုတ်လိုက်ပါ။





ပြီးရင် restart ချပါ။ အဲ့ကံဆိုးစွာနဲ့ ပဲသူလက်ဦးသွားရင်တော့
NTLDR missing ဆိုပြီး window မတက်တော့ပါဘူး… ဒါဆိုရင်အောက်ကနည်းတွေနဲ့ ပြန်ပြင်ပါ

In the old Windows 9x days, we have seen "NTLDR or NTDETECT.COM Not Found" error quite too often. Nowadays, modern Windows XP era, these errors become less frequent, but still there. For me, normally, I've no idea how to fix these and I used to format my computer.

If you have FAT32 partitions or Windows 9x, it is much simpler than with NTFS.
Just boot with a Win98 floppy and copy the NTLDR or NTDETECT.COM files
from the i386 directory to the root of the C:\ drive.

But for NTFS or Windows XP, here are the steps:
• Insert and boot from your WindowsXP CD.

• At the first R=Repair option, press the R key

• Press the number to choose the location for the installation of Windows you want to repair.

• Typically this will be #1 unless you have dual-boot.

• Type in the administrator password. (If no password, just press Enter)

• Enter in the following commands (X: is drive letter of CDROM drive)

• COPY X:\i386\NTLDR C\:

• COPY X:\i386\NTDETECT.COM C:\

Take out the CD ROM and type exit

ပြီးရင် restart ချပြီးပြန်တက်လာပြီဆိုရင် Run ကနေ regedit ဆိုပြီး Registry editor ခေါ်ပြီး အောက်ကလမ်းကြောင်းအောက်ကိုသွားပါ

HKEY_CURRENT_USER\Software\Microsoft\Windows\CURRENT Version\Policies\Explorer
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\Explorer


ညာဖက်က Pane ထဲမှာ DWORD named NofolderOptions ဆိုတဲ့ icon နဲ့  File လေးတွေ့ ပါလိမ့်မယ်။ Delete လုပ်ချင်လုပ်ပါ..မလုပ်ချင် Double click လုပ်ပြီး 1 value နေရာမှာ 0 ပြောင်းပေးလိုက်ပါ။ ကျွန်တော့်သဘောပြောရရင်တော့ ဖျက်သာပြစ်စေချင်ပါတယ်…. တေချင်းဇိုး လေးမြင်ကိုမမြင်ချင်ဘူး။
Tool > Folder Option ပြန်ပေါ်လာပါလိမ့်မယ်။


အောက်က Path အတိုင်းထပ်သွားပါ


HKEY_CURRENT_USER\Software\Microsoft\Windows\CURRENT Version\Policies\
(or)
HKEY_CURRENT_USER\Software\Microsoft\Windows\CURRENT Version\Policies\System


အောက်မှာ DWORD named DisableTaskMgr ဆိုတဲ့ icon နဲ့  File လေးကို ညာဖက်က Pane ထဲမှာတွေ့ ပါလိမ့်မယ်။ Delete လုပ်ချင်လုပ်ပါ..မလုပ်ချင် Double click လုပ်ပြီး 1 value နေရာမှာ 0 ပြောင်းပေးလိုက်ပါ။
ပြီးရင် Restart ချလိုက်ပြီး Ctrl+Alt+Delete နှပ်ကြည့်ပါ… Task Manager ပြန်ပေါ်နေပါလိမ့်မယ်…။


ဒါပါပဲကျွန်တော်သိတာကတော့ အားလုံးအဆင်ပြေကျပါစေခင်ဗျ :)
အပြည့်အစုံသို့  :)




STRANGE THING OF NOTEPAD !!!!!!!

Run ကနေ notepad ဆိုရိုက်ပြီး Notepad file အသစ်တစ်ခုယူပါ။
.LOG ဆိုတဲ့စာလေးတစ်ကြောင်း ရိုက် Enter ခေါက်ပြီး file ကို name တစ်ခုခုပေးပြီးသိမ်းပါ။
ပြီးရင်အဲ့ဒီသိမ်းထားတဲ့ file လေးကိုပဲ Double click နှိပ်ပြီး ဖွင့်ပါ။
ပထမရိုက်ထားတဲ့ .LOG ဆိုတဲ့စာကြောင်းအောက်မှာ Current System Date and time ကိုတွေ့ ရပါလိမ့်မယ်။
Save လုပ်ပြီးပိတ်ပါ။ နောက်ပြီး ပြန်ဖွင့်တိုင်းဖွင့်တိုင်းမှား Date and time ကိုအောက်တစ်ကြောင်းမှာ တွေ့ ရပါလိမ့်မယ်။

ဘာလေးလဲမသိဘူးမိုက်တော့မိုက်တယ် ...။ :)

အပြည့်အစုံသို့  :)

Hack RapidShare Part II

နောက်တစ်ခု RapidShare ကနေ Download လုပ်ချင်ရင် တစ်ခါ Download ပေးလုပ်တယ် နောက်တစ်ခါမရတော့ဘူး။
အဲ့ဒီဒုက္ခကနေကင်းဝေးအောင် နောက်တွေ့ ထားတဲ့ နည်းလေးတစ်ခုပြောပြပါမယ်။

အဲ့လိုလုပ်ချင်ရင်ကျွန်တော်တို့  new IP Address တစ်ခုရအောင် ဆိုလိုတာကခုနက IP Address နဲ့ မတူတော့အောင်အောက်ကအဆင့်တွေအတိုင်းပြုလုပ်ပါ။

Here's how to do it in windows:
1. Click Start
2. Click run
3. In the run box type cmd.exe and click OK
4. When the command prompt opens type the following. ENTER after each new line.

ipconfig /flushdns
ipconfig /release
ipconfig /renew
exit


5. Erase your cookies in whatever browser you are using.
6. Try the rapidshare download again.

ကဲပြီးပြီ ထပ်ပြီး Download လုပ်ချင်သလောက်လုပ်ကြ ဒီအဆင့်တွေသုံးပြီး။ :)

အပြည့်အစုံသို့  :)

How can I hack waiting time in RapidShare

RapidShare မှာ Premium Account မရှိတဲ့ကျွန်တော်တို့ ဟာတစ်ခုခု Download လုပ်ချင်ပြီဆိုရင် waiting time စောင့်နေရပါတယ်။
မစောင့်ချင်လည်းစောင့်ရတာပဲလေ Premium Account အတွက်ပိုက်ဆံမှမပေးချင်တာ..။
အဲ့ဒီတော့ အခု RapidShare မှာ Free Download လုပ်ချင်ရင်စောင့်ရတဲ့အချိန်ကိုမစောင့်ရတော့အောင် Hack ကျရအောင် နော့် သဘောတူတယ်မလား တူပါတယ်ခင်ဗျား... (တစ်ယောက်ထည်းပြောပြီး တစ်ယောက်ထည်းထောက်ခံပါသည်.. ဟိ.. :P)





ဟော့ဒီကပုံလို ကျွန်တော်တို့  Free Button လေး Click ပြီး Download လုပ်ပြီဆိုရင် စိတ်ပျက်စရာကောင်းအောင် waiting time ကိုထိုင်စောင့်နေကျရပါတယ်.. အောက်ကပုံ လေးလို မြင်ရပြီး ဖြစ်ပါတယ်။



အဲ့လို မစောင့်ချင်ပါဘူးချက်ချင် Download လုပ်လို့ ရအောင်ကျွန်တော်တို့ Hack ကျရအောင်

javascript:alert(c=0)


ဟော့ဒီ အနီရောင် javascrip စာကြောင်းလေးကို Copy လုပ်ပါ။
ပြီးရင် ခင်များတို့ အခုသုံးနေတဲ့ Browser ရဲ့  Address bar မှာ Paster လုပ်လိုက်ပါ။
အောက်ကပုံလို မြင်ရမှာဖြစ်ပါတယ်။



ကူးထည့်ပြီးရင် Enter ရိုက်ချလိုက်ပါ။ အောက်ကပုံလို Message box လေးပေါ်လာပါလိမ့်မယ် ok နှိပ်လိုက်ပါ။



ကဲဒါဆို waiting time ချက်ချင်းပျောက်သွားပြီး Download လုပ်မယ့် channel ရွှေးပြီး ချက်ချင်း Download လုပ်နိုင်ပါပြီ။



ကဲဘယ်လိုလဲ မိုက်တယ်နော်မလိမ်မာဘူး လူဆိုး :P
အားလုံးပဲ အချိန်မစောင့်ရဘဲ ကြိုက်သလောက် Download လုပ်နိုင်ကျပါစေ ။

လေးစားလျှက် ။ ။ SYNCHRO 305
အပြည့်အစုံသို့  :)




အော် ဒွတ်ခ ဒွတ်ခ.....
"အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့..."
နဲ့ ဇွတ်အတင်း ကို လှုပ်ခိုင်းနေတာ
ဟိုကလှုပ်ပြလိုက်တာ Stage စင်ပါကျိုးကျသွားရော ဟူသတတ်.....

ဒီမှာ Download ယူပါ။

Download ယူမရတာ Connection မကောင်းလို့ ဖြစ်နိုင်ပါတယ်။
အောက်ကလင့်က ဒါရိုက်လင့်ပါ :)
http://boxstr.com/files/1079678_ccb9j/saisai%20hinthada%20show.wmv

Internet Download Manager သုံးရင် Download မြန်ပါတယ်ခင်ဗျား.... ။

အပြည့်အစုံသို့  :)

ကိုယ့်ပုံကို Anamate လုပ်ချင် လုပ်နိုင်တဲ့အပြင်တခြား Features တွေလည်းအများကြီး support လုပ်ပေးထားတဲ့ site ကောင်းလေးပါ။
ထူးထူးဆန်းဆန်းနဲ့ ချစ်စရာကောင်းလို့ ပြန် share ပေးပါတယ်ခင်ဗျ။ သိတဲ့လူတွေ သိပြီးပြီဆိုလည်း အလုပ်ရှုပ်မိတဲ့အတွက် sorry ပါ။
:)
ဟော့ဒီမှာ အော်ကြောလန် မောင် synchro လေးလုပ်ထားတာပါခင်ည :P



ကျွန်တော့်မှာက ဓာတ်ပုံသိပ်မရှိလို့ ရှိတဲ့ပုံနဲ့ လုပ်ထားတာ ခုလိုရုပ်ဆိုးဆိုးကြီးထွက်လာတာပါ။
ဓာတ်ပုံလှလှရှိတဲ့လူတွေကတော့ ပုံလှလှလေးတွေလုပ်နိုင်မှာဖြစ်ပါတယ်။

(စာကြွင်း။ ။ အလကားဖိန့် ကြည့်တာပါလူရှိန်အောင်လို့ ။ ဓာတ်ပုံလှလှရှိလည်း ဒီရုပ်ပါပဲ...ချောမှာဟုတ်ပါဘူး(ကိုယ့်ဟာကိုယ်ပြောတာပါ)...ဟီး..ဟီး...)

ကဲစိတ်ဝင်စားသူတွေ ဒီမှာ သွားလုပ်ပါ။

SHOW ALL BLINGS ဆိုတဲ့ Button လေးကိုနှိပ်ကြည့်အုန်းနော်အများကြီးရှိသေးတယ်။ :)

Bling Bling
powered by: UGotBling.com





အပြည့်အစုံသို့  :)




My Computer ရဲ့ toolbar မှာ Background image လေးထည့်ရအောင်




၁။ ပထမဆုံး Registry Editor ကိုဖွင့်ပါ။ Start menu အောက်က Run ကနေ regedit လို့ ရိုက်ပြီး OK နှိပ်ပါ။

၂။ HKEY_CURRENT_USER\Software\Microsoft\Internet Explorer\Toolbar\
အောက်ထိရောက်အောင်သွားပါ။

၃။ ညာဖက်က panel မှာ right-click ထောက်ပြီး New ကနေ String Value ကိုရွေးပြီး ဖိုင်တစ်ခုလုပ်ပါ။ Name ကိုတော့ BackBitmapShell လို့ ပေးပါ။

၎။ ပြီးရင်ကိုယ်လုပ်လိုက်တဲ့ BackBitmapShell file ကို dounle-click ပြီးဖွင့်ပါ။ Value data: ဆိုတဲ့အကွက်မှာ Image file (.bmp ဖြစ်ရပါမည်) လေးတွေရှိတဲ့ path လမ်းကြောင်းကိုပေးပါ။ ဥပမာ။ ။ C:\WINDOWS\FeatherTexture.bmp

၅။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်တော့ရပြီ။ ပြီးရင် My computer ဖွင့်ကြည့်ပေတော့ ကိုယ်ပေးလိုက်တဲ့ image လေးတွေက My computer ရဲ့  toolbar မှာပေါ်နေပြီ။
အပြည့်အစုံသို့  :)

Speed Up Your Network and Internet Access


ကျွန်တော်တို့ လက်ရှိ Local Area Network အတွင်းမှာရှိတဲ့ Network speed ဟာကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Computer Hardware တွေအပေါ်မှာမှီခိုနေတာမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက Memory နည်းလို့ ဘာလို့ စတာတွေနဲ့ မဆိုပါဘူး။ ကျွန်တော်တို့ အသုံးပြုနေတဲ့ Window (XP, etc..) ဟာအမျိုးမျိုးသော Hardware တွေ Software တွေအလုပ်လုပ်နိုင်ရန် ၊ Network တွေအတွက်ရေးထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့  System Registry ထဲမှာရှိတဲ့ TCP/IP အတွက် အနည်းငယ် ပြုပြင်ခြင်းဖြင့် လည်း Network speed , Internet Access speed တွေကိုပိုမိုမြန်ဆန်လာစေနိုင်ပါတယ်။

ကျွန်တော်တို့ စက်ကနေ local area network ကိုဖွင့်တဲ့အခါမှာဖြစ်စေ ၊ မိမိစက်ကနေ တစ်ခြားသူရဲ့ စက်ကို လှမ်း Access လုပ်တဲ့အခါမှာဖြစ်စေ နှေးနေရခြင်းဟာWindow Explorer ဟာ Remote computer မှာရှိတဲ့ schedule တွေကို အလုပ်လုပ်နေရခြင်းကြောင့်ဖြစ်ပါတယ်..။ အဲ့ဒါကလည်းကျွန်တော်တို့ လုပ်တာမဟုတ်ပါဘူး… Microsoft ကအစကတည်းက သူ့ Operation System စထုတ်ကတည်းကရေးထားတာပါ။

ဒီပြသနာက ကြည့်ရင်တော့ ကျွန်တော်တို့ ရေးထားတာမဟုတ်တဲ့အတွက်တော်တော်လေး ရှုပ်ပါတယ် ဘာတွေမှန်းလည်းမသိပါဘူး॥ ဒါပေမယ့် ဖြေရှင်းရမယ့်နည်းမတော့လွယ်လွယ်လေးပါ..။ အောက်က အဆင့်တွေအတိုင်း တစ်ဆင့်ချင်းသာလုပ်သွားပါ ပိုမိုမြန်ဆန်တဲ့ အကျိုးတွေတွေ့ ရှိရမှာပါ။



၁။ ပထမဆုံး Registry Editor ကိုဖွင့်ပါ။ Start menu အောက်က Run ကနေ regedit လို့ ရိုက်ပြီး OK နှိပ်ပါ။

၂။ HKEY_LOCAL_MACHINE ကို Expand လုပ်ပါ။

၃။ ပြီးရင် Software အောက်က Microsoft အောက်က Window ထိရောက်အောင်သွားပါ။

၎။ ခုကျွန်တော်တို့ လုပ်တဲ့အကြောင်းက လက်ရှိ Operation System ကို ပြုပြင်မှာဖြစ်လို့ CurrentVersion အောက်ကိုဝင်ပါ။

၅။ အဲ့ဒီကမှတဆင့် Explorer အောက်ကိုဝင်ပါ။
၆။ ကျွန်တော်တို့ အခုမလိုတဲ့ Remote computer setting တွေဖြုတ်ထုတ်ချင်တဲ့အတွက် RemoteComputer အောက်ကိုဝင်ပါ။ အဲ့ဒီအောက်မှာမှ NameSpace ဆိုတဲ့ key လေးရှိပါတယ် ထပ်ဝင်ပါ NameSpace အောက်ကို။

ရ။ NameSpace folder အောက်မှာ entries နှစ်ခုရှိပါတယ်..။
တစ်ခုက "{2227A280-3AEA-1069-A2DE-08002B30309D}" ဖြစ်ပြီး local area network မှာ shared လုပ်ထားတဲ့ printer တွေအတွက်သုံးဖို့ ဖြစ်ပါတယ်။
အဲ့ဒါကတော့လို ပါတယ်သွားဖြုတ်လိုက်ရင် printer တွေသုံးမရတော့ဘူးဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဖြုတ်လို့ ရတာနောက်တစ်ခုပါ။

"{D6277990-4C6A-11CF-8D87-00AA0060F5BF}” အဲ့ဒါကတော့ Explorer ကိုသတ်မှတ်ထားတဲ့ remote schedule tasks တွေပြုလုပ်ဖို့ ပြောထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ အဲ့ဒါကိုဖျက်လို့ ရပါတယ်။ right-click ပြီး delete ကိုရွေးပြီးဖျက်ပြစ်ပါ။
(တကယ်လို့ "{D6277990-4C6A-11CF-8D87-00AA0060F5BF}” ကိုမတွေ့ ရင်စိတ်မပူပါနဲ့ Optimize လုပ်တဲ့ software တစ်ခုခုကဖျက်ပေးပြီးသားမို့ ပါ )

ကျွန်တော်တို့ ရဲ့ ပြောင်းလဲမှုတွေအကျိုးသက်ရောက်အောင် Restart ချပေးဖို့ လိုပါတယ်။
Restart ချပါ။ အဲ့ဒါကတစ်နည်းဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မလိုတဲ့ protocols တွေကိုပိတ်ထားဖို့ ပါပဲ။ သူတို့ ကိုမသုံးပဲ ဖွင့်ထားတော့ သူတို့ လုပ်ဖို့ memory ခွဲဝေပေးနေရတာ ပိုကြာပါတယ်။

၁။ My Network Place icon ပေါ်မှာ right-click လုပ်ပြီး property ကိုရွေးပါ။

၂။ My Network Place icon ကိုမတွေ့ ရင် Control Panel အောက်က Network Connection ကသွားပါ.. အဲ့ဒါ Classic View မှာမြင်ရပါလိမ့်မယ်။

၃။ ပြီးရင် Local Area Network ဆိုတဲ့ Adapter တွေ့ ပါလိမ့်မယ် right-click ပြီး property ကိုရွေးပါ။ အောက်မှာပြထားတဲ့ အတိုင်းတွေ့ ရပါလိမ့်မယ်။ အဲ့ဒီမှာ TCP/IP ကလွဲရင် တခြားဟာတွေမှာ ကိုယ်မသုံးတာအကုန်လုံး ဖြုတ်ပြစ်ပါ။



၎။ ပြီးရင်း OK နှိပ်ပြီးထွက်လိုက်ပါပြီးပါပြီ ဒါဆို Local Area Network မှာ Borwsing Time ပိုမြန်လာပါလိမ့်မယ်။

အပြည့်အစုံသို့  :)


ဘရာဇီးနိုင်ငံ မှာကောင်လေးတစ်ယောက်ယောက် MENTOS နဲ့  COCA-COLA (PEPSI) တွဲစားလိုက်တာ အသက်ပျောက်သွားတယ်တဲ့။
MENTOS နဲ့  COCA-COLA (PEPSI) အဲ့နှစ်ခုကလည်းဟုတ်တယ် တစ်ခါတစ်လေ တွဲစားမိနိုင်တယ်..။
အဲ့ဒါ အစားမတော်တစ်လုပ်တဲ့ ဘာမဟုတ်တာလေးသတိမထားမိရာကနေ မာလကီးယားနိုင်တဲ့အတွက် သယ်ရင်းတွေကိုသတိပေးလိုက်ပါတယ်ဗျိုး.....။








အပြည့်အစုံသို့  :)

ကျွန်တော်တို့ ဘ၀.....







အပြည့်အစုံသို့  :)

~~~~~ Happy Valentine ~~~~~

Valentine နေ့ အမှတ်တရ အနေနဲ့ ကျွန်တော့် မေးလ်ထဲ ကဟာသလေးတစ်ခုကိုပြန်တင်ပေးတာပါ...။
ချစ်သူ ရှိပြီးသားသူတွေ ချစ်သူနဲ့ ပျော်ရွင်ကြည်နူးနိုင်ပါစေ....
ချစ်သူမရှိသေးသူတွေလည်း အမြန်းဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး စွံကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်..။

ကဲ ဒီအောက်မှာကျွန်တော် တင်ထားတဲ့ ရယ်စရာလေးဖွင့်ဖတ်သွားကြပါအုန်း...
မပြုံးဘဲ ၀ါးလုံးကွဲရယ်နိုင်ကြပါစေ ဗျား.....။

ပျိုလေးရည်းစား မောင့်စိတ်ထား
မောင့်ရဲ့ သက်ထား ပျို့ စိတ်ထား

ချစ်သူများနေ့ မကြာခင်ကျရောက်တော့မည်။ ထိုနေ့ အတွက် မောင်မယ်တို့ မည်သို့ အစီအစဉ်ပြုလုပ်ထားသနည်း။ မိမိဧ။် ရည်စူးသူ အဖို့ ချစ်လက်ဆောင် ရွေးချယ်ရာတွင် သူဧ။်အတွင်းစိတ်ကို သိနားလည်ရန် အလွန်အရေးကြီးသည်။ တဘက်သားဧ။် စိတ်သဘောကိုနှိုက် နှိုက်ချွတ်ချွတ် သိမှသာလျှင် သူ့ အား ဘ၀င်ရွှင်လန်း စိတ်တွင်ဆန်းစေမည့် လက်ဆောင်မွန်ကိုရွေးချယ်နိုင်ပေလိမ့်မည်။

ဆရာကြီး ဦးဆံရွှေရောင်ငွေလို သည်ပါရမီဖြည့်သည့်အနေဖြင့် မောင်မယ်တို့ ဧ။်အခက်အခဲကိုကူညီရန် သပွံနည်းကျ အီးဗေဒင်ပညာ (scatological astrology) အသုံးပြုပြီး စာရိတ္တဆိုင်ရာ ဇယားလေးတစ်ခု ပြုစုထားသည်။

(မှတ်ချက် ။ ။ ဆရာကြီးဧ။် ဇယားသည်အင်္ဂလိပ်ဘာသာကို ဟိုနားသည်နားညှပ်သုံးကာ ကွန်ပြူတာအကူအညီဖြင့်ရိုက်နှိပ်ထားသောကြောင့် သိပွံနည်းကျလှပေသည်။)

သင်ရည်စူးသူသည်--------------------------------------------------သူသည်

အီးကိုကုန်အောင်မပေါက် နေ့ ဖို့ ညစာစုထားတတ်လျှင် ----------ကပ်စေးနှဲသူ
အီးကိုစုမထားဘယ်နေရာသွားသွားအမြဲပေါက်နေတတ်လျှင် ----------ရက်ရောသူ
နှစ်ဦးတည်းရှိချိန်ကိုမှရွေးပြီးအီးပေါက်တတ်လျှင် ----------သီးသန့် ဆန်သူ
လူအများရှိချိန်ကိုမှ ရွေးပြီးအီးပေါက်တတ်လျှင် ----------အပေါင်းအဖော်မက်သူ
အီးပေါက်ချင်သော်လည်းမပေါက်ဘဲ အောင့်ထားကာ
ကာလံဒေသံရွေးပြီးမှ ပေါက်တတ်လျှင် ----------ပညာရှိသူ
အသံမထွက်အောင်အီးပေါက်လေ့ရှိလျှင် ----------လျှိုဝှက်တတ်သူ
အသံကျယ်လောင်စွာအီးပေါက်လေ့ရှိလျှင် ---------- ဘွင်းဘွင်းကျသူ
မိမိအီးပေါက်ခြင်းအတွက် အလွန်ဂုဏ်ယူနေတတ်လျှင် ----------၀ါကြွားသူ
မိမိအီးပေါက်ခြင်းအတွက် အလွန်ရှက်နေလျှင် ----------ဖိနှိပ်မှုကြောင့်မွန်းကြပ်နေသူ
“ငါ့အီးတယ်မွှေးပါလား” ဟုကိုယ်အီးကိုယ်ပြန်ရှူနေတတ်လျှင် ---------- အတ္တကြီးသူ
“ချစ်အီးတယ်မွှေးပါလား” ဟုသူများအီးလိုက်ရှူနေတတ်လျှင် ---------- သောက်ရူး
ပင်ပင်ပန်းပန်းအားမစိုက်ဘဲ အီးပေါက်ထွက်လျှင် ----------အားကစားလိုက်စားသူ
မျက်စိမျက်နှာပျက် အားစိုက်ညှစ်မှအီးပေါက်ထွက်လျှင် ----------အားကစားမလိုက်စားသူ
အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာကို
စိုးရိမ်နေတတ်လျှင် ----------သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်သူ
အီးပေါက်ပြီးတိုင်း “နံတယ်ဟေ့” ဟု
သူကပင်ဦးစွာအော်တတ်လျှင် ---------- မရိုးသားသူ
အီးပေါက်ပြီးတိုင်းမျက်နှာကြီးနီလာတတ်လျှင် ----------ရိုးစင်းသူ
အီးပေါက်ပြီးတိုင်းအီးပေါက်ကြောင်းဝန်ခံလျှင် ---------- ရိုးသားသူ
အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟုပြောပြီး
အီးပေါက်ပြီးနောက် “ဆောရီးနော်” ဟုပြောတတ်လျှင် ----------ယဉ်ကျေးမှုသိရှိသူ
အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟုပြောပြီး အီးထွက်သွားလျှင် ----------ယဉ်ကျေးသူ
အသံကြားရုံဖြင့်မည်သူအီးပေါက်သည်ကိုဖော်ထုတ်နိုင်လျှင် ----------ဥာဏ်ကောင်းသူ
အီးပေါက်ရန်ကြိုးစားရာမှ ချီးထွက်သွားလျှင် ----------ကံမကောင်းသူ
၂၄ နာရီပတ်လုံး အီးတဗျစ်ဗျစ်ပေါက်နေလျှင် ----------ဖင်မနိုင်ဘဲပဲကြီးဟင်းစားသူ
ဗိုက်နာနေသောလည်း အီးဘယ်လိုမှမပေါက်နိုင်လျှင် ---------- ဒုက©ရောက်တော့မည့်သူ

ဆရာကြီး ဦးဆံရွှေရောင်ငွေလို
ဆံရွှေရောင်ငွေလို B.A.,M.A. (scatology) သည် Intergalactic Biographical Centre မှချီးမြှင့်သည့် 21st Century (Stardate -323000 to -223000) Achievement Award ဆုနှင့် ကျွဲကူးတ္တသိုလ် (Bullockford University) မှချီးမြှင့်သည့် ၂၀၀၆ ခုနှစ်ရဲ့  Man of the Year ဆုကို ပူပူနွေးနွေး လက်ဝယ်ယူထားသူ ၊ ကမ္ဘာနိုင်ငံပေါင်း ၁၀၈ နိုင်ငံတွင် အိုက်တိုးပဂေးဆန်ကာ အတွေ့ အကြုံရယူခဲ့သူ ၊ ရန်ကုန်မြို့ ရှိလူသိများသော ခေတ်မီသိပွံနည်းကျ နက©တ္တဗေဒပညာရှင်တစ်ဦး ဖြစ်သည်။

အပြည့်အစုံသို့  :)

PDF File လေးတွေကို Blog Post တွေမှာ တင်ရအောင်...

အောက်ကပုံလေးကနမူနာပုံလေးပါ ... ကိုယ်တင်ထားတဲ့ PDF File လေးတွေကို ကိုယ့် BLog လေးမှာဒီလိုလေးမြင်ရမှာပါ..။
ဟီ..ဟိ မိုက်တယ်နော် .. သူများတွေကတော့သိတဲ့လူတွေလည်းသပြီးလောက်ပါပြီ.. ကျွန်တော်ကတော့ခုမှဒီ လင့်လေးတွေ့ လို့ 
ရောင်းရင်းတွေကို ပြန် share လိုက်တာပါ॥ ။



လုပ်ရတာကလွယ်လွယ်လေးပါ... ဒီ Link ကိုသွားပြီး Account ဖွင့်ပါ..။
ပြီးရင်ကိုတင်ချင်တဲ့ PDF File လေးကို Upload လုပ်လိုက်ပါ..။
Embedded HTML Code လေးထုတ်ပေးပါလိမ့်မယ်...။
အဲ့ဒီ Embedded HTML Code လေးကို Copy လုပ်ပြီး new post ရဲ့  HTML မှာ paste လုပ်လိုက်ပါ။
ပြီးပြီဒါဆို Publish Post သာ click လိုက်တော့...။
မိုက်တယ်မလား.... ဟိ.။

အပြည့်အစုံသို့  :)




ကျွန်တော့် Blogosphere လေးကနေ ဒီလိုပုံစံမျိုး မည်သူမျှ လာမနှုတ်ဆက်ရန် အထူးမေတ္တာ ရပ်ခံပါသည် ခင်ဗျား..။
ကျန်မည်သည့်အကူအညီမဆို တောင်းနိုင်ပါသည်။
ကျွန်တော်တတ်နိုင်သလောက်လည်း အကူအညီပေးရန်စိတ်ရောကိုယ်ပါအဆင်သင့်ပြင်ထားပါသည်။
ခုဒီစကားပြောပြီးရင် နေမကောင်းတဲ့ သယ်ရင်းအကောင်တစ်ကောင်ကိုသွားမေးရ အုန်းမယ်။



အပြည့်အစုံသို့  :)



သတင်းခေါင်းစဉ်..


ကျွန်တော်ဒီ Blog လေးစဖန်တီးခဲ့တဲ့နောက်ပိုင်းမှာ ကျွန်တော် သိတဲ့ link လေးတွေကိုကျွန်တော်ပုံမှန်သွားလည်ပါတယ်။
စကားမရှိစကားရှာ ခင် ချင်လို့ ဇွတ်လိုက်အော်...ဇွတ်လိုက်ပြော နဲ့ ...သူများ CBox တွေမှာလိုက်အော်ခဲ့ပါတယ်...
အားလုံးနီးပါလိုက်လာခဲ့ကြတယ် ကျွန်တော့်ကိုတစ်ချို့ က synchro ၊ တစ်ချို့ ကသားသား ၊ တစ်ချို့ က အစ်ကို ၊ တစ်ချို့ ကဆင်ကြီးလို့ ရင်းရင်းနီးနီးခေါ်ခဲ့ကြတယ်..။ ကျွန်တော့်ကိုလည်းတော်တော်များများ သူတို့ ဆီမှာပြန်လင့် ကြပါတယ်။ အဲ့ကျွန်တော်ပဲ...ကျွန်တော်က ခဏခဏ Template ကိုကလိတတ်တာဆိုတော့ သယ်ရင်းတွေကိုပြန်မလင့်ဖြစ်ပါဘူး...။ ခုကျွန်တော်သတိထားပြီး ကျွန်တော်ခင်တဲ့သူတွေ ၊ လာလည်ဖူးတဲ့သူတွေအားလုံးကို ကျွန်တော့်ရဲ့  ~ Blogosphere ~ လေးမှာထည့်ထားပြီးပါကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ....။

တစ်ခုပဲပြောစရာလေးရှိပါတယ်....
အကြောင်းအရာလေးတွေကို သူများတွေ Tag လုပ်ပြီးရေးနေတာတွေမြင်ရင်ကျွန်တော်လည်းပါချင်ပါတယ်...
ကျွန်တော့်ဥာဏ်မှီ သလောက်လေးဝင်ရေးချင်ပါတယ်...
ဝင်ရေးခွင့်ပြုကြပါလို့ ....
ကျွန်တော် synchro ကိုလည်းလူရာသွင်းပြီးခေါ်ကြပြောကြပါလို့ ပြောချင်ပါတယ်ဗျာ... ။
အပြည့်အစုံသို့  :)